back

အမေရိကန်က နိုင်ငံတကာဥပဒေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုယုံကြည်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြော

Jan 20 • 4:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်က နိုင်ငံတကာဥပဒေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုယုံကြည်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြော

အမေရိကန်ဟာ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့အတူ လုပ်ဆောင်နေပြီး နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုမိုယုံကြည်နေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။အမေရိ...

အမေရိကန်ဟာ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့အတူ လုပ်ဆောင်နေပြီး နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုမိုယုံကြည်နေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ ရှင်းလင်းတဲ့ ဥပဒေချိုးဖောက်မှုက နိုင်ငံစုံ ဖြေရှင်းမှု ကျိုးကြောင်း ဆီလျော်မှု မရှိဘူးဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောတာပါ။အမေရိကန်ရဲ့ အင်အားအာဏာနဲ့ သြဇာ လွှမ်းမိုးမှုကို အသုံးချနေတာက ပြဿနာရှိပြီး တစ်ခါတလေမှာ နိုင်ငံတကာ ဥပဒေတွေကို လေးစားဖို့ လိုအပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတကို ဖမ်းဆီးပြီးနောက် သီတင်းပတ်ပိုင်းအကြာမှာ သူက အခုလိုမျိုး ပြောကြားလာတာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂရင်းလန်းကို သိမ်းယူမယ်လို့လည်း အကြိမ်ကြိမ် ပြောဆိုထား ပြီး ဥရောပ အင်အားနည်းနေတာကြောင့် သိမ်းယူဖို့ လိုအပ်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။အဖွဲ့ဝင်နိုင်ငံတွေရဲ့ တန်းတူညီမျှမှု အပါအဝင် ကုလသမဂ္ဂ တည်ထောင်မှု အခြေခံမူတွေ အန္တရာယ် ကျရောက်မှု မရှိဘူးလို့ ယုံကြည်ကြောင်းလည်း ဂူတာရက်ဇ်က ပြောပါတယ်။

news-view-count-icon

20