back

တရုတ်တွင် သံမဏိစက်ရုံပေါက်ကွဲမှုနှစ်ဦးသေဆုံး၊ ၈၀ ကျော်ဒဏ်ရာရ

Jan 20 • 3:24 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်တွင် သံမဏိစက်ရုံပေါက်ကွဲမှုနှစ်ဦးသေဆုံး၊ ၈၀ ကျော်ဒဏ်ရာရ

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေါက်ကန်း (Baogang) နိုင်ငံပိုင်သံမဏိစက်ရုံတွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက ပြင်းထန်...

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေါက်ကန်း (Baogang) နိုင်ငံပိုင်သံမဏိစက်ရုံတွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့ကာ ၅ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာများက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ဒေသများတွင် တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ပြီး စက်ရုံအတွင်း အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကာ ဒဏ်ရာရရှိသူများအနက် ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ လက်ရှိတွင် အာဏာပိုင်များက ပေါက်ကွဲရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ တရုတ်နိုင်ငံတွင် ဘေးကင်းလုံခြုံမှုဆိုင်ရာ အားနည်းချက်များကြောင့် ယခုကဲ့သို့ စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရပါသည်။

news-view-count-icon

9