back

ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိနေပြီး ကမ္ဘာ့အဆင့် (၁၀) နေရာတွင် ရှိနေကြောင်း EHS Myanmar ထုတ်ပြန်

Jan 20 • 2:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိနေပြီး ကမ္ဘာ့အဆင့် (၁၀) နေရာတွင် ရှိနေကြောင်း EHS Myanmar ထုတ်ပြန်

ရန်ကုန်မြို့၏ လေထုအရည်အသွေး ညွှန်းကိန်း (AQI) သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အနီရောင်အဆင့်တွင် ဆက်လက်ရှိနေပြီး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်း တိုင်းတာချက်မျာ...

ရန်ကုန်မြို့၏ လေထုအရည်အသွေး ညွှန်းကိန်း (AQI) သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အနီရောင်အဆင့်တွင် ဆက်လက်ရှိနေပြီး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်း တိုင်းတာချက်များအရ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့များစာရင်းတွင် အဆင့် (၁၀) သို့ ရောက်ရှိလာကြောင်း Environment, Health and Safety Myanmar (EHS Myanmar) က ထုတ်ပြန်လိုက်သည်။ IQAir ၏ ဖော်ပြချက်အရ ရန်ကုန်မြို့၏ US AQI မှာ ၁၇၂ ရှိပြီး PM2.5 အမှုန်အမွှား ပါဝင်မှုနှုန်းမှာ 85 µg/m³ အထိ ရှိနေသဖြင့် အဆုတ်ရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိနိုင်ပြီး၊ ရုံးတက်ကျောင်းတက်ချိန် မော်တော်ယာဉ်အသုံးပြုမှု များပြားခြင်းနှင့် ရာသီဥတုအေးလာခြင်းတို့ကြောင့် လေထုပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပြင်ထွက်ပါက PM 2.5 ကို ကာကွယ်နိုင်မည့် နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပေး နှိုးဆော်ထားပါသည်။

news-view-count-icon

26