၂၀၂၅-၂၆ ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုကို ဒီနေ့ ပြုလုပ်ခဲ့ရာမှာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ခဲ့တဲ့ အယ်လ်ဘာစီတီနဲ့ ဆုံတွေ့ခဲ့ကြောင်း သိရပါတယ်။တခြားကွာတားဖိုင်နယ်ပွဲစဥ်တွေမှာတော့ အလာဗတ်စ် - ဆိုစီဒက်၊ ဗလင်စီယာ - ဘီလ်ဘာအို၊ ဘက်တစ် - အက်သလက်တီကိုတို့ ဆုံတွေ့ခဲ့ကြပါတယ်။ကွာတားဖိုင်နယ်ပွဲစဥ်တွေကို ဖေဖော်ဝါရီ ၃ ရက်ကနေ ၅ ရက်အတွင်း တစ်ကျော့တည်း ယှဥ်ပြိုင်ရမှာပါ။



