ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နှင့် ဌာနဆိုင်ရာရုံးစာရွက်စာတမ်းအတုများ လိမ်လည်ပြုလုပ်နေသူများကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၁၄ ရက်က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ နေအိမ်တစ်အိမ်၌ အမျိုးသားနှစ်ဦးနှင့်အတူ မှတ်ပုံတင်အတု ၁၀၀ ကျော်၊ သာသနာစိစစ်ရေးကတ်အတု၊ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာအတုများ၊ အိမ်ထောင်စုစာရင်းအတုများနှင့် ရုံးတံဆိပ်အတုများကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင်လည်း အမျိုးသားတစ်ဦးနှင့်အတူ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအတုများ၊ ရုံးတံဆိပ်အတုများကို ထပ်မံဖမ်းမိခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာရဲစခန်းများ၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
Jan 20 • 2:10 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 60 | 0 | 0 | 0 |


