back

ချင်းမိုင်တွင် ထိုင်းနိုင်ငံသားအမည်ခံကာ တရားမဝင်ဟိုတယ်ဖွင့်လှစ်သည့် ထိုင်းအမျိုးသမီးနှင့် တရုတ်အမျိုးသားနှစ်ဦးကို ဖမ်းဆီး

Jan 20 • 2:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်တွင် ထိုင်းနိုင်ငံသားအမည်ခံကာ တရားမဝင်ဟိုတယ်ဖွင့်လှစ်သည့် ထိုင်းအမျိုးသမီးနှင့် တရုတ်အမျိုးသားနှစ်ဦးကို ဖမ်းဆီး

ချင်းမိုင်မြို့လယ် ချန်ကလန်လမ်းပေါ်ရှိ တရားမဝင်ဖွင့်လှစ်ထားသော ဟိုတယ်တစ်ခုကို ဇန်နဝါရီ ၁၅ ရက်က လူဝင်မှုကြီးကြပ်ရေးအရာရှိများ ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသား...

ချင်းမိုင်မြို့လယ် ချန်ကလန်လမ်းပေါ်ရှိ တရားမဝင်ဖွင့်လှစ်ထားသော ဟိုတယ်တစ်ခုကို ဇန်နဝါရီ ၁၅ ရက်က လူဝင်မှုကြီးကြပ်ရေးအရာရှိများ ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသားပိုင်ဆိုင်မှုကန့်သတ်ချက်ကို ရှောင်လွှဲရန် ထိုင်းအမျိုးသမီးတစ်ဦးအား အမည်ခံ (Nominee) အဖြစ်အသုံးချကာ လုပ်ကိုင်နေသည့် တရုတ်အမျိုးသားနှစ်ဦးနှင့် အဆိုပါအမျိုးသမီးကို ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးချက်များအရ ရင်းနှီးမြှုပ်နှံငွေ ဘတ် ၃ သန်းနှင့် အမြတ်ငွေလွှဲပြောင်းမှုအားလုံးမှာ တရုတ်နိုင်ငံသားများ၏ ဘဏ်အကောင့်များဖြင့်သာ တိုက်ရိုက်စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် တရုတ်အမျိုးသမီးတစ်ဦးကို ဆက်လက်ရှာဖွေနေပြီး၊ ထိုင်းအာဏာပိုင်များက နိုင်ငံခြားသားပိုင်လုပ်ငန်းများတွင် အမည်ခံပေးသည့် ထိုင်းနိုင်ငံသားများကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်ဟု သိရှိရပါသည်။

news-view-count-icon

11