မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်းကို လယ်ဧကအများအပြားသိမ်းယူပြီး ထပ်မံတိုးချဲ့ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေအပါအဝင် နီးစပ်သူတွေကပြောပါတယ်။အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဟာ မော်လမြိုင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ လှိုင်ရပ်ကွက်နဲ့ သာယာအေး ရပ်ကွက်အကြားက လယ်ယာမြေတွေကို သိမ်းယူပြီး စီမံကိန်း လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အရင်သိမ်းခဲ့တဲ့ လယ်ယာမြေတွေအပြင် ထပ်တိုးပြီး လူနေအိမ်တွေကို ဖယ်ရှားရှင်းလင်းတာ၊ အရင် ကြက်မွေးမြူရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်း နေရာတွေကိုပါ သိမ်းယူကာ မြေဖို့တဲ့လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။



