back

ယုဇနပလာဇာအနီး မီးလောင်မှု Level 2 အဆင့်ရှိခဲ့ပြီး ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

Jan 19 • 6:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ယုဇနပလာဇာအနီး မီးလောင်မှု Level 2 အဆင့်ရှိခဲ့ပြီး ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း (ယုဇနပလာဇာအနီး) ရှိ ပိတ်လိပ်သိုလှောင်ရာ တိုက်ခန်းများတွင် ယနေ့နံနက် ၁၀ နာရီ ၃၃ မိနစ်က စ...

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း (ယုဇနပလာဇာအနီး) ရှိ ပိတ်လိပ်သိုလှောင်ရာ တိုက်ခန်းများတွင် ယနေ့နံနက် ၁၀ နာရီ ၃၃ မိနစ်က စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ Level 2 အဆင့်အထိ ရှိခဲ့ပြီး နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာ တိုက်ခန်းများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး လူမှုကူညီရေးအသင်းများမှလည်း အောက်စီဂျင်ပေးခြင်း၊ ရေနှင့် နှာခေါင်းစည်း (Mask) များ ဝေငှခြင်းနှင့် လူနာတင်ယာဉ်များဖြင့် ကူညီပေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

23