ချီလီနိုင်ငံတောင်ပိုင်း နူဘယ်လ် နှင့် ဘိုင်အိုဘိုင်အို ဒေသများတွင် နှစ်ရက်ကြာ လောင်ကျွမ်းနေသော တောမီးများသည် လူနေရပ်ကွက်များအတွင်းသို့ ကူးစက်ပျံ့နှံ့ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ ပူပြင်းသည့် ရာသီဥတုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မီးအရှိန်မှာ ထိန်းမရအောင် ဖြစ်နေပြီး လူပေါင်း ၅၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ သမ္မတ ဂါဘရီယယ်လ် ဘိုရစ် (Gabriel Boric) က အဆိုပါဒေသများကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မီးသတ်သမား ၄,၀၀၀ နီးပါးအပြင် လက်နက်ကိုင်တပ်ဖွဲ့များကိုပါ ဖြန့်ကျက်၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Jan 19 • 6:52 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


