back

အီရန်နိုင်ငံခြားရေးဝန်ကြီးအား ဖိတ်ကြားမှု မြူးနစ်လုံခြုံရေးညီလာခံ ပယ်ဖျက်မည်

Jan 18 • 6:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်နိုင်ငံခြားရေးဝန်ကြီးအား ဖိတ်ကြားမှု မြူးနစ်လုံခြုံရေးညီလာခံ ပယ်ဖျက်မည်

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီအား ဖိတ်ကြားထားမှုကိုပြန်လည်ပယ်ဖျက်မည်ဖြစ်ကြောင်း မြူးနစ်လုံခြုံရေးညီလာခံကျင်းပရေးတာဝန်ရှိသူများကဇန်နဝါရီ၁၆ရက်တွင်ထုတ်ဖ...

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီအား ဖိတ်ကြားထားမှုကိုပြန်လည်ပယ်ဖျက်မည်ဖြစ်ကြောင်း မြူးနစ်လုံခြုံရေးညီလာခံကျင်းပရေးတာဝန်ရှိသူများကဇန်နဝါရီ၁၆ရက်တွင်ထုတ်ဖော်ပြောကြားလိုက် သည်။အီရန်နိုင်ငံတစ်ဝန်းဖြစ်ပွားနေသောဆန္ဒပြပွဲများကိုအီရန်အစိုးရကအင်အားသုံးနှိမ်နင်းမှုများပြုလုပ်ခဲ့ပြီး နောက် အီရန်နိုင်ငံခြားရေးဝန်ကြီးအားမြူးနစ်လုံခြုံရေးညီလာခံ ဖိတ်ကြားထားမှုကိုဖျက်သိမ်းရန် ညီလာခံတာဝန်ရှိသူများက စီစဉ်ထားခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြူးနစ်လုံခြုံရေးညီလာခံသည် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံတကာ လုံခြုံရေးညီလာခံများထဲတွင်အပါအဝင်ဖြစ်သည်။အီရန်နိုင်ငံခြားရေးဝန်ကြီး မြူးနစ်လုံခြုံရေးညီလာခံ တက်ရောက်ရေးအတွက် ဖိတ်ကြားလွှာကိုမိမိတို့အနေဖြင့် ပေးပို့ထားပြီးဖြစ်သော်လည်း အီရန်ပြည်တွင်း၌ လက်ရှိပေါ်ပေါက်နေသော ဖြစ်စဉ်များအရ အီရန်နိုင်ငံခြားရေးဝန်ကြီးကို မိမိတို့ ဖိတ်ကြားတော့မည်မဟုတ်ကြောင်း မြူးနစ်လုံခြုံရေးညီလာခံတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ယခုနှစ် မြူးနစ်လုံခြုံရေးညီလာခံကို လာမည့်ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်

ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံတကာလုံခြုံရေး ကျွမ်းကျင်သူများ၊ မူဝါဒချမှတ်သူများ တက်ရောက်ကြမည်ဖြစ်သည်။



news-view-count-icon

23