back

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆုတောင်းပွဲ ရန်ကုန်မြို့တွင် ကျင်းပ

Jan 18 • 4:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆုတောင်းပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ကမ္ဘာကြီးငြိမ်းချမ်းစေရန်အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နှင့် Ingo PEACE (Japan) တို့ ပူးပေါင်းပြီး A Gathering in prayer For Human Diginity and Pea...

ကမ္ဘာကြီးငြိမ်းချမ်းစေရန်အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နှင့် Ingo PEACE (Japan) တို့ ပူးပေါင်းပြီး A Gathering in prayer For Human Diginity and Peace 2026 ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကင်းမြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ဘာသာကြီး (၄) ရပ်မှ ဓမ္မဆရာများက တစ်ဦးချင်းအလိုက် မေတ္တာပို့ဆုတောင်းစကားပြောကြားခဲ့ပြီး လူသားတို့အတွက် ငြိမ်းချမ်းရေးဆုတောင်းချင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆုတောင်းပွဲကို ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ဘာသာကြီး (၄) ရပ်မှ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။တက်ရောက်လာသူများက ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် မိမိတို့ဘာသာအလိုက် တစ်မိနစ်ခန့်ဆုတောင်းမေတ္တာပို့သခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


news-view-count-icon

53