၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ကိုရီးယား ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀၀ ကျော် အတွက် အခက်အခဲကို ဆွေးနွေး ကူညီ ပေးနိုင်ခဲ့တယ်လို့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ က သိရပါတယ်။စင်တာအနေနဲ့ ၂၀၂၅ခုနှစ် ၁လပိုင်း ကနေ ၁၂လပိုင်းကုန်အထိ ရွှေ့ပြောင်း မြန်မာအလုပ်သမား (၁,၄၂၁)ဦးရဲ့ အလုပ်သမား ဥပဒေဆိုင်ရာ တွေ ၊ လုပ်ငန်းခွင် ပြဿနာ တွေ ဆွေးနွေးပေးတာ ဘာသာစကား အခက်အခဲရှိသူ တွေ ဆေးရုံ/ဆေးခန်းအပြင် အစိုးရရုံးဌာနတွေ မှာ ဖုန်း နဲ့ စကားပြန် ကူညီပေးတာ ၊ ဆမ်ဆောင်းထွဲဂျိဂွန်း လျှောက်ပေးတာ လဝကမှာ ပတ်စ်ပို့ သက်တမ်းတိုး အကြောင်းကြားပေးတာ ၊လဝက အွန်လိုင်းဘိုကင်တင်ပေးတာ အလုပ်သမားရှေ့နေ/ တရားရုံးရှေ့နေဆီ အခမဲ့ ဆွေးနွေးပေးဆာ ၊ ဘိုက်ဘာ/မက်စင်ဂျာ က တဆင့် ဆွေးနွေးပေး တာ တွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။စင်တာ ကို အကူအညီ တောင်းခံသူတွေထဲမှာ အီးနိုင်းဗီဇာ၊ဂျီဝမ်းနိုင်းနိုင်းဗီဇာ၊ဂျီဝမ်းဗီဇာ၊အီးဆဲဗဲင်း ဗီဇာကိုင်ဆောင်သူ တွေ ၊ အိုဗာစတေး လုပ်သား တွေ အပြင် ကျောင်းဗီဇာ ကိုင်ဆောင်သူ တွေ လည်း ပါဝင်ပါတယ်လို့ " မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ က ပြောပါတယ်။မြန်မာ အလုပ်သမား ၁,၄၂၁ ဦးထဲ မှာ စင်တာမန်ဘာဝင် (၅၃၉)ဦးဖြစ်ပြီး မန်ဘာဝင်မဟုတ်သူ(၈၈၂)ဦးပါရှိတယ်လို့သိရပါတယ်။၂၀၂၅ခုနှစ် တစ်နှစ်တာအတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၃၄)ဦးရဲ့ မရရှိခဲ့တဲ့ လုပ်အားလစာ၊ထွဲဂျိဂွန်း၊ယွန်ချာဆူဒါန်း တွေ ကို ဥပေဒ ဘောင်တွင်း က ငွေပမာဏအားနဲ့ ဝမ် သိန်းပေါင်း ၇,၅၀၀ ကျော်ကို ရယူပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။



