မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်မည့် (၂၁) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ၂၀၂၆ ခုနှစ် (Japanese Literature Translation Contest 2026) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)မှ သိရပါတယ်။ပြိုင်ပွဲကို ကျွမ်းကျင်အဆင့်နှင့် အငယ်တန်းအဆင့် တို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ကျွမ်းကျင်အဆင့် (Advanced Level) သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကြောင်းနှင့် ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည့် ပြိုင်ပွဲဖြစ်ကြောင်း သိရပါတယ်။၎င်းကျွမ်းကျင်အဆင့် ဘာသာပြန်ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၁၄ရက်(စနေနေ့) နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ Zoom Online System ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ပါဝင်လိုသူများအနေဖြင့် သက်ဆိုင်ရာ Google Form Link တွင် ဇန်နဝါရီ ၁၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။



