back

ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Jan 18 • 3:12 AM

breaking-news

မြန်မာ

မွန်

cover

ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

မွန်ပြည်နယ်၊ ရေးမြို့နှင့် ပေါက်ပင်ကွင်းကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ရေး-ထားဝယ်ကားလမ်းမ၊ ကိုးမိုင်ကျေးရွာအဝင်တွင...

မွန်ပြည်နယ်၊ ရေးမြို့နှင့် ပေါက်ပင်ကွင်းကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ရေး-ထားဝယ်ကားလမ်းမ၊ ကိုးမိုင်ကျေးရွာအဝင်တွင် အရှိန်လွန်တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့တွင် မီးဟပ်ဒဏ်ရာနှင့် ထိခိုက်ရှနာဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို ဒေသတွင်းလူမှုကယ်ဆယ်ရေးအသင်းများနှင့် အရန်မီးသတ်တပ်ဖွဲ့တို့က ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်များဖြင့် ရေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်း သိရှိရပါသည်။

news-view-count-icon

23