တရုတ်နိုင်ငံတွင် ထန်မင်းဆက်ခေတ် ပုံစံတူ ဖန်တီးထားသော ဝတ်စုံများကို ဝတ်ဆင်ကာ တရုတ်ရိုးရာဂီတသံစဉ်များနှင့်အတူ ကင်မရာရှေ့သို့ ဝင်ရောက်လာပြီး ဖန်သားပြင်ထက်ရှိ ကွန်မန့်များလည်း အချိန်နှင့်တစ်ပြေးညီ ပေါ်ထွက်လာခဲ့သည်။ တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်ဇာတ်ရုံအတွင်း၌ “အဖွဲ့လိုက် လိုက်ဖ်လွှင့်မှု” ဟူသည့် လူများစွာ အနုပညာဖျော်ဖြေတင်ဆက်မှုကို တိုက်ရိုက်ထုတ်လွှင့်သော အသွင်သစ်သည် ကျွမ်းကျင်ယဉ်ကျေးမှု အနုပညာသင်တန်းကျောင်းများက ဖော်ဆောင်သည့် အွန်လိုင်း “ဒုတိယစင်မြင့်” ၊ ရိုးရာယဉ်ကျေးမှုအား ဆန်းသစ်တီထွင်စွာ ဖော်ပြခြင်းအား တွန်းအားပေးဖော်ဆောင်သည့် စမ်းသပ်မှုအသစ် ဖြစ်လာလျက်ရှိသည်။ယနေ့တွင် ဆန်ရှီးပြည်နယ်ဇာတ်ရုံ၏ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ကြိမ်လျှင် အများဆုံးကြည့်ရှုသူ ၅ သန်းကျော်ရှိပြီး အဖွဲ့လိုက် လိုက်ဖ်လွှင့်မှုကြောင့် အော့ဖ်လိုင်းလက်မှတ်ရောင်းချရမှုသည် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ ဂန္ထဝင်ဂီတဖြင့် နွဲ့နှောင်းစွာ ကပြတင်ဆက်မှု၊ တရုတ်ရိုးရာအသွင်၏ အနုပညာအလှတရားတို့သည် ဖျော်ဖြေတင်ဆက်သူများ၏ ဆန်းသစ်တီထွင်စွာ တင်ဆက်မှုများအောက်တွင် လူငယ်များ၏ နှစ်သက်အားပေးမှု ပိုမိုရရှိလာခဲ့သည်။



