back

ရွှေပြည်သာ၌ မွေးကင်းစကလေးတစ်ဦး အလောင်း စွန့်ပစ်မှုဖြစ်

Jan 18 • 2:39 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေပြည်သာ၌ မွေးကင်းစကလေးတစ်ဦး အလောင်း စွန့်ပစ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးညွန့်လမ်းဘေးတွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၅ နာရီခွဲခန့်က စွန့်ပစ်ထားသည့် မွေးကင်းစ မိန်းကလေးအလောင်းတစ်ခ...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးညွန့်လမ်းဘေးတွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၅ နာရီခွဲခန့်က စွန့်ပစ်ထားသည့် မွေးကင်းစ မိန်းကလေးအလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ သတင်းအရ သွားရောက်ကူညီရာတွင် ကလေးငယ်မှာ သေဆုံးနေပြီဖြစ်သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် အသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ လူမှုကူညီရေးအသင်း တာဝန်ရှိသူက မိဘများအနေဖြင့် ယခုကဲ့သို့ စွန့်ပစ်မှုများ မပြုလုပ်ကြရန် တိုက်တွန်းထားပြီး သက်ဆိုင်ရာက ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

18