back

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူ တွေ အတွက် ကြက်ခြေနီမှကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့

Jan 18 • 2:19 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူ တွေ အတွက် ကြက်ခြေနီမှကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ မှာ ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူ တွေ အတွက် ကန့်သတ်ချက်မဲ့ တတိယအကြိမ် ငွေသားထောက်ပံ့ကူညီတာ တွေ ပြုလုပ်ခဲ့တယ်လို...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ မှာ ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူ တွေ အတွက် ကန့်သတ်ချက်မဲ့ တတိယအကြိမ် ငွေသားထောက်ပံ့ကူညီတာ တွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းကသိရပါတယ်။ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ငါးဖယ်ချောင်း၊ဟဲယာရွာမ နဲ့ အင်းပေါခုံ ကျေးရွာ တွေ မှာ ပြီးခဲ့တဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူ တွေ ပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ် ငွေသားထောက်ပံ့တဲ့ အစီအစဉ်အရ ငလျင်ဘေးသင့် အိမ်ထောင်စုတွေကို ထောက်ပံ့ငွေ ပေးဝေတာ ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စေတနာလုပ်အားရှင် တွေ နဲ့ ဝန်ထမ်း တွေက သွားရောက် ပေးဝေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ထောက်ပံ့ရာ မှာ ငါးဖယ်ချောင်း က အိမ်ထောင်စုပေါင်း (၂၂)စု၊ ဟဲယာရွာမ က (၁၁၈)စု နဲ့ အင်းပေါခုံ က (၁၈၆)စု၊ အိမ်ထောင်စု၊ စုစုပေါင်း (၃၂၆)စုအတွက် အိမ်ထောင်စု (၁)စု ကို ငွေသား ကျပ်(၄)သိန်းနှုန်းနဲ့ သိန်း (၁၃၀,၄၀၀,၀၀၀) ကျပ်ကို ငလျင်ဘေးသင့် အိမ်ထောင်စု တွေ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။




news-view-count-icon

22