back

ဒဂုံစတားယူနိုက်တက် ရာသီကုန်တွင် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန် ရည်မှန်းထား

Jan 18 • 2:19 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒဂုံစတားယူနိုက်တက် ရာသီကုန်တွင် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန် ရည်မှန်းထား

ဒဂုံစတားယူနိုက်တက်အသင်းသည် ယခုရာသီ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအပြီးတွင် အမှတ်ပေးဇယား၏ ထိပ်ဆုံး (၃) သင်းစာရင်းဝင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ဇန်နဝါရီ ...

ဒဂုံစတားယူနိုက်တက်အသင်းသည် ယခုရာသီ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအပြီးတွင် အမှတ်ပေးဇယား၏ ထိပ်ဆုံး (၃) သင်းစာရင်းဝင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ဇန်နဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် (၁၃) တွင် ဒဂုံစတားအသင်းသည် ဟံသာဝတီယူနိုက်တက်ကို ထက်ဖြိုးဝေနှင့် စွမ်းထက်တို့၏ သွင်းဂိုးများဖြင့် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရမှတ် ၂၂ မှတ်ဖြင့် အဆင့် (၃) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ အသင်းခေါင်းဆောင် ရန်နိုင်ဦးက လက်ကျန်ပွဲစဉ်များကို အကောင်းဆုံးပုံစံဖြင့် ဆက်လက်ကြိုးစားသွားမည်ဟု ပြောကြားခဲ့ပြီး၊ ပေါ်တူကီနည်းပြ ပီဒရိုကိုင်တွယ်နေသည့် ဒဂုံစတားအသင်းသည် ရာသီဝက်တွင် သီဟဇော်ကဲ့သို့ ထိပ်တန်းကစားသမားသစ်များဖြင့် အင်အားဖြည့်တင်းကာ ရည်မှန်းချက်အောင်မြင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

16