back

ရခိုင်ပြည်က ကွမ်းရွက်များ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယသို့ တင်ပို့ရသဖြင့် ဈေးကောင်းရ

Jan 18 • 2:03 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်က ကွမ်းရွက်များ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယသို့ တင်ပို့ရသဖြင့် ဈေးကောင်းရ

ရခိုင်ပြည်က ကွမ်းရွက်များကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေရသဖြင့် လက်ရှိတွင် ကွမ်းရွက်ဈေးနှုန်း မြင့်တက်နေပြီး ကွမ်းစိုက်တောင်သူများ အဆင်...

ရခိုင်ပြည်က ကွမ်းရွက်များကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေရသဖြင့် လက်ရှိတွင် ကွမ်းရွက်ဈေးနှုန်း မြင့်တက်နေပြီး ကွမ်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း သိရသည်။" ဒီလမှာ ကွမ်းတစ်ပိဿာကို လေးသောင်းကျပ် ရောင်းရတယ်။ အရင်လက ယာကွမ်း တစ်ပိဿကို သုံးသောင်းခွဲဆိုရင် ကွမ်းအသေး တစ်ပိဿာကို သုံးသောင်း ဒီလိုမျိုး ဈေးနှုန်းကွာတာတွေ ရှိတယ်။ ဒီလမှာတော့ ဈေးနှုန်းတူတယ်။ တစ်လနဲ့ တစ်လ ကွမ်းဈေးနှုန်းကွာခြားချက်တွေကတော့ ဝယ်ယူကြတဲ့အပေါ် မူတည်တယ် " ဟု ဒေါ်သန်းဝင်းကပြောသည်။လက်ရှိ ရခိုင်တွင် ကွမ်းဈေးကွက်ရှိသော်လည်း ကွမ်းပွဲရုံ မရှိသဖြင့် ရွာဈေးများတွင် ရောင်းနေရပြီး ကွမ်းပွဲရုံများ ရှိလျှင် ပိုပြီး အဆင်ပြေမည်ဟုလည်း ကွမ်းစိုက်ပျိူးသူတို့က ဆိုသည်။ဒေသထွက်ကုန်နည်းပါးသည့် ရခိုင်ပြည်တွင် လမ်းခရီးပိတ်ဆို့မှုကြောင့် အခြေခံ စားသောက်ကုန်နှင့် ကုန်စည်ပြတ်လပ်နေ၍ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ ထိခိုက်နစ်နာမှုများစွာ ဖြစ်နေကြရသည်။ယင်းထဲက တပိုင်တနိုင်ကွမ်းလုပ်ငန်းများမှာ ဈေးကောင်းရလာ၍ တောင်သူများ အဆင်ပြေလာခြင်း ဖြစ်သည်။

news-view-count-icon

15