back

လူ ၁၁ ဦး လိုက်ပါသွားတဲ့ အင်ဒိုနီးရှားလေယာဉ် ပျောက်ဆုံးနေ

Jan 18 • 1:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

လူ ၁၁ ဦး လိုက်ပါသွားတဲ့ အင်ဒိုနီးရှားလေယာဉ် ပျောက်ဆုံးနေ

လူ ၁၁ ဦး လိုက်ပါသွားတဲ့ Indonesia Air Transport ခရီးသည်တင် လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးနေပါတယ်။ဇန်နဝါရီလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၀၀ နာရီမှာ လေယာဉ်နဲ့ အဆက်အသွ...

လူ ၁၁ ဦး လိုက်ပါသွားတဲ့ Indonesia Air Transport ခရီးသည်တင် လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးနေပါတယ်။ဇန်နဝါရီလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၀၀ နာရီမှာ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီးတဲ့နောက် အင်ဒိုနီးရှား အာဏာပိုင်တွေက အဲဒီ ခရီးသည်တင် လေယာဉ်ငယ်ကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လေယာဉ်ဟာ Yogyakarta ကနေ ထွက်ခွာလာပြီး Sulawesi ကျွန်းပေါ်က Makassar မြို့ကို ဦးတည်ပျံသန်းနေတာဖြစ်ပြီး ခရီးသည် ၃ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး ပါဝင်တယ်လို့ Makassar ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။လေယာဉ် နောက်ဆုံးရှိခဲ့တဲ့ နေရာအနီး Makassar နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ Maros Regency တောင်ပေါ်ဒေသဆီကို အဖွဲ့တွေ စေလွှတ်ထားတယ်လို့ ဒေသတွင်း ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ခေါင်းဆောင် Muhammad Arif Anwar က ပြောပါတယ်။ လေတပ်၊ ရဲတပ်ဖွဲ့နဲ့ စေတနာ့ဝန်ထမ်းတွေက ကုန်းကြောင်းရော လေကြောင်း ရှာဖွေရေးတွေမှာပါ ပူးပေါင်းပါဝင်နေကြပါတယ်။လေယာဉ်ကို ရှာဖွေဖို့အတွက် ရဟတ်ယာဉ်တစ်စီးနဲ့ ဒရုန်းတွေကို အသုံးပြုနေတယ်လို့ Makassar ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက စစ်ဆင်ရေးမှူး Andi Sultan က ပြောပါတယ်။


news-view-count-icon

11