back

ပြည်တွင်း၌မော်တော်ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဗူး တွေ တပ်ဆင်ထားမှု ရှိမရှိ စစ်ဆေးမယ်

Jan 17 • 8:01 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌မော်တော်ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဗူး တွေ တပ်ဆင်ထားမှု ရှိမရှိ စစ်ဆေးမယ်

ပြည်တွင်း၌ မော်တော်ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဗူး တွေ တပ်ဆင်ထားမှုရှိမရှိကို မော်တော်ယာဉ်စစ်ဆေးတဲ့ အချိန်မှာ စစ်ဆေးသွားမယ်လို့ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား...

ပြည်တွင်း၌ မော်တော်ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဗူး တွေ တပ်ဆင်ထားမှုရှိမရှိကို မော်တော်ယာဉ်စစ်ဆေးတဲ့ အချိန်မှာ စစ်ဆေးသွားမယ်လို့ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန က အသိပေးပြောလာပါတယ်။ကနဦး ယာဉ်စစ်ကားတွေ ကို တနင်္လာက စပြီး မီးသတ်ဆေးဘူးတပ်ဆင်ပီးမှသာ ယာဉ်စစ်ဝင်လို့ရမယ်လို့သိရပါတယ်လို့ " က.ည.နဝန်ဆောင်မှုလုပ်ငန်းတစ်ခုကပြောထားပါတယ်။မော်တော်ယာဉ်အမျိုးအစားအလိုက် အနည်းဆုံး ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် (Dry Chemical Powder) မီးသတ်ဆေးဗူးတွေ တပ်ဆင်ထားဖို့နဲ့ မော်တော်ယာဉ်စစ်ဆေးတဲ့ အချိန်မှာ မီးသတ်ဆေးဗူးတွေတပ်ဆင်ထားတာ ရှိ/မရှိ စစ်ဆေးသွားမှာဖြစ်ပါတယ်။စစ်ဆေးမှု တွေ မှာ သက်တမ်းတိုးကားတွေအတွက် အကျုံးဝင်၊ မဝင် မသိရသေးလို့လည်း ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကဆိုပါတယ်။ယာဉ်အမျိုးအစားအလိုက် အနည်းဆုံးတပ်ဆင်ရမယ့်မီးသတ်ဆေးဗူး တွေကတော့ Saloon, Jeep, Pick up, Station Wagon, Micro Bus တွေ မှာ 1kg ၁ လုံး ၊ Mini Bus, Light Truck, Light Van တွေ မှာ 2 Kg ၁ လုံး ၊ Truck, Van, Container Carrier နဲ့ Otherတွေ မှာ 3 Kg ၁ လုံး ၊ Tanker တွေ မှာ 3 Kg ၂ လုံး ၊ နဲ့ City Bus, Express Bus တွေ မှာ 3 Kg ၂ လုံး အသီးသီးတပ်ဆင်ထားရှိရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကနေ အသိပေးပြောကြားထားတာတွေ အရ ဆက်လက်သိရှိရပါတယ်။

news-view-count-icon

43