ဂြိုလ်တုကို သယ်ဆောင်သည့် လောင်းမာ့ချ်-၃ဘီ ဒုံးပျံကို အသုံးပြု၍ တရုတ်နိုင်ငံ ရှီချန်း ဂြိုလ်တုလွှတ်တင်ရေးစင်တာရှိ ရှီဂျန် -၃၂ ဂြိုလ်တုကို စနေနေ့က လွှတ်တင်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်း သိရသည်။အဆိုပါဒုံးပျံကို ပေကျင်းစံတော်ချိန် (၁၂း၅၅) နာရီတွင် စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ၎င်း၏ ပျံသန်းမှုအတွင်း လွဲချော်မှုတစ်ခု ဖြစ်ပွားခဲ့သည်။အောင်မြင်စွာ မလွှတ်တင်နိုင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။



