back

ဩစတြေးလျကလေးများ၏ အကောင့်လေးသန်းကျော် လူမှုမီဒီယာကုမ္ပဏီများ ပယ်ဖျက်

Jan 17 • 5:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဩစတြေးလျကလေးများ၏ အကောင့်လေးသန်းကျော် လူမှုမီဒီယာကုမ္ပဏီများ ပယ်ဖျက်

အသက်(၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ဩစတြေးလျအစိုးရက ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာလူမှုမီဒီယာကုမ္ပဏီများသည် ဩစတြေးလျနိုင်ငံအတွင်းရှိ အသက်(...

အသက်(၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ဩစတြေးလျအစိုးရက ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာလူမှုမီဒီယာကုမ္ပဏီများသည် ဩစတြေးလျနိုင်ငံအတွင်းရှိ အသက်(၁၆)နှစ်အောက်ကလေးများ ရရှိထားသည့် လူမှုမီဒီယာအကောင့် ၄ ဒသမ ၇ သန်းခန့်ကို ပယ်ဖျက်ခဲ့ကြကြောင်း ဇန်နဝါရီ ၁၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။အသက်(၁၆) နှစ်အောက် ဩစတြေးလျကလေးများ အသုံးပြုနေသည့် အထက်ပါ လူမှုမီဒီယာအကောင့် ၄ ဒသမ၇သန်းခန့်ကိုလူမှုမီဒီယာကုမ္ပဏီ၁၀ခုတို့ကပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်းဩစတြေးလျတာဝန်ရှိသူများက ပြောကြားထားသည်။ဩစတြေးလျနိုင်ငံ၌ အသက် (၁၆) နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေး ဥပဒေသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်စတင် အာဏာသက်ရောက်ခဲ့သည်။ကလေးများအပေါ် အွန်လိုင်းပတ်ဝန်းကျင်၏ ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍အများပြည်သူများ စိုးရိမ်လာကြချိန်တွင် အထက်ပါဥပဒေကို ဩစတြေးလျအစိုးရက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ယင်းဥပဒေအရ အသက်(၁၆)နှစ်အောက်ဩစတြေးလျကလေးများ၏ လူမှုမီဒီယာအကောင့်များကို ဖယ်ရှားပေးခြင်းမရှိခဲ့ပါက လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် ဩစတြေးလျဒေါ်လာ ၄၉ဒသမ ၅သန်း (အမေရိကန်ဒေါ်လာ ၃၃ဒသမ ၃သန်း အထိ) ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်းသိရသည်။




news-view-count-icon

26