အသက် ၁၀၀ ကျော်အထိ နေနိုင်သူတွေ များလာပေမယ့် ဒီလောက်အသက်ရှည်ရတဲ့ အကြောင်းအရင်းကို သေချာမသိကြသေးပါဘူး။ ပုံမှန်ဆေးစစ်ဆေးချက်တွေကနေ သွေးစမ်းသပ်ချက်များ ပြုလုပ်ခဲ့ကာ အသက် ၁၀၀ ကျော်နဲ့ ၁၀၀ မကျော်သူတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ ထိုအခါမှာ ယင်းတို့ကြား သိသာတဲ့ ခြားနားချက်တွေက အသက် ၁၀၀ ရှည်သူတွေက သွေးတွင်းသကြားဓာတ်ပမာဏ နည်းပါးခြင်း၊ ဂလိုင်ကိုဆလိတ်ဟေမိုဂလိုဘင် နည်းပါးကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးနိုင်ခြင်း၊ ခရီအိတ်တနင်းပမာဏ နည်းခြင်း၊ ယူရစ်အက်ဆစ်နည်းခြင်း၊ သံဓာတ်ထိန်းသိမ်းပေးတဲ့ ဖယ်ရီတင်ပမာဏ အသင့်အတင့်ရှိခြင်းတို့ တွေ့ရပါတယ်။ ဇီဝအချက်အလက်တွေထဲက ပြောင်းလဲမှုတွေက သက်တော်ရှည်ခြင်းနဲ့ ဆက်စပ်နေလားဆိုတာကို ယှဉ်ကြည့်တဲ့အခါ အသက် ၁၀၀ ရှည်သူတွေက သွေးတွင်းသကြားဓာတ် ကောင်းစွာထိန်းသိမ်းနိုင်ခြင်းဖြစ်ပါတယ်။



