ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အိုင်ထောင့်ကြီး၊ ကေလာ၊အင်းပေါခုံ နှင့် ဟဲယာ ကျေးရွာတို့တွင်မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဉ်အရ ငလျင်ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးဝေခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စေတနာ့လုပ်အားရှင်များနှင့် ဝန်ထမ်း တို့မှ ဇန်နဝါရီလ (၁၅)ရက် နှင့် (၁၆)ရက်နေ့တို့တွင် သွားရောက် ပေးဝေပြုလုပ်ခဲ့ပါသည်။ထောက်ပံ့ရာတွင် အိုင်ထောင့်ကြီး၊ ကေလာ၊အင်းပေါခုံ နှင့် ဟဲယာ ကျေးရွာတို့တွင်အိမ်ထောင်စုစုပေါင်း (၅၉၀)စုအတွက် အိမ်ထောင်စု (၁)စုလျင် ငွေသား ကျပ်(၄)သိန်းနှုန်းဖြင့် သိန်း (၂,၃၆၀) ကျပ်ကို ငလျင်ဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။



