နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ တွေ Online ကတစ်ဆင့် တရားမဝင် အရောင်းအဝယ်ပြုလုပ်မှု တွေ နဲ့ ငွေကြေးလိမ်လည်မှု တွေ အပေါ် တရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန် ပြောထားပါတယ်။နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ ယင်းဥပဒေအရ ထုတ်ပြန်တဲ့ ညွှန်ကြားချက် တွေကို နိုင်ငံခြားငွေ တွေ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူ တွေ အနေနဲ့ လိုက်နာ ဆောင်ရွက်စေဖို့အတွက် နိုင်ငံခြားငွေလဲကောင်တာ တွေ ကို စစ်ဆေး နေပါတယ်။ ဒိအပြင် လိုင်စင် မရှိဘဲ အရောင်းအဝယ်ပြုလုပ်နေသူ တွေကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်နေပါတယ်လို့ " မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ဆိုပါတယ်။
လက်ရှိ လူမှုကွန်ယက်စာမျက်နှာ တွေ မှာ USDT အရောင်းအဝယ်ပြုလုပ်ဖို့ ဖော်ပြထားတဲဘ ကြော်ငြာ တွေရှိ ဖုန်းနံပါတ် တွေ ၊ ငွေစာရင်းအမှတ် တွေ နဲ့နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်ခဲ့ တဲ့လူပုဂ္ဂိုလ် (၂၃၄) ဦးကို ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားတဲ့လူပုဂ္ဂိုလ် တွေ အဖြစ် သတ်မှတ်ပြီး ၎င်းတို့ရဲ့ ဘဏ်အသီးသီးရှိ ငွေစာရင်းတွေ ဘဏ်စာရင်းစုစုပေါင်း (၆၈၇) ခုနဲ့ မိုဘိုင်း ငွေရေးကြေးရေးစာရင်း (၂၈၇) ခု ကို ငွေစာရင်း ယာယီတားဆီးထားတယ်လို့သိရပါတယ်။ဆက်လက်ပြီး ပြစ်မှု ကျုးလွန်ကြောင်း ထင်ရှားတဲ့ လူပုဂ္ဂိုလ် (၅) ဦးကို တည်ဆဲဥပဒေ တွေ နဲ့ အညီ တရားစွဲဆိုပြီး တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ထားပာ ကျန်လူပုဂ္ဂိုလ် တွေကို လည်း ဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ထားတယ်လိုါဆိုပ်တယ်။
တရားမဝင်နိုင်ငံခြားငွေကြေး တွေ ဝယ်ယူရောင်းချလဲလှယ်တာ ကို ဆောင်ရွက် နေတဲ့ လူမှုကွန်ယက်စာမျက်နှာ တွေ ကို စုံစမ်းဖော်ထုတ်နေတာမှာ လက်ရှိအချိန်ထိ လူမှုကွန်ယက် စာမျက်နှာ (၁၂၀၁) ခုကို စိစစ်အရေးယူဆောင်ရွက်ထားရာ ၊ ငွေစာရင်းအကောင့် တွေ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခဲ့ပြီး ဆုံးရှုံးနိုင်ခြေအဆင့် မြင့်မားတဲ့ လူပုဂ္ဂိုလ် တွေ အဖြစ် သတ်မှတ်ပြီး လူပုဂ္ဂိုလ် (၁,၃၄၂) ဦးရြဲ ငွေစာရင်းအကောင့်တွေကို ယာယီတားဆီးထားတဲ့ အပြင် လူမှုကွန်ယက်စာမျက်နှာ တွေ မှာ ပါဝင်ပတ်သက်ရောင်းဝယ်နေသူ တွေ ကို အရေးယူဆောင်ရွက်ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တရားမဝင်နိုင်ငံခြားငွေကြေး တွေ ဝယ်ယူ ရောင်းချ လဲလှယ်တာ ကို ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း တွေ ကို အရေးယူနိုင်ဖို့ စိစစ်ဖော်ထုတ်တာ ကို ဆောင်ရွက် နေရာ မှာ လက်ရှိ ကျော်စောသတင်း ပေါ်ပေါက်သူတွေကို စစ်ဆေးမေးမြန်းတာ နဲ့ ကျော်စောသူတွေရဲ့ ဘဏ်စာရင်း တွေ နဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းတွေကို စိစစ်ပြီး အရေးယူ နိုင်ဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့သိရှိရပါတယ်။



