back

မြန်မာ နဲ့ ကမ္ဘောဒီးယားအလုပ်သမား ၆၀၀ ကျော်ကို စစ်ဆေးရာ ပုဒ်မ ၃၈ စည်းမျဉ်းချိုးဖောက်သူ ၂၀၀ ကျော်တွေ့ရှိခဲ့ရ

Jan 17 • 2:32 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

မြန်မာ နဲ့ ကမ္ဘောဒီးယားအလုပ်သမား ၆၀၀ ကျော်ကို စစ်ဆေးရာ ပုဒ်မ ၃၈ စည်းမျဉ်းချိုးဖောက်သူ ၂၀၀ ကျော်တွေ့ရှိခဲ့ရ

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းက ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ချွန်ဘူရီခရိုင် ဂျွန်တီယန်ဒေသရှိ ရွှေ့ပြောင...

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းက ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ချွန်ဘူရီခရိုင် ဂျွန်တီယန်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားစခန်းနှစ်ခုကို ဝင်ရောက်ကာမြန်မာ နဲ့ ကမ္ဘောဒီးယားအလုပ်သမား ၆၀၀ ကျော်ကို စစ်ဆေးခဲ့ရာ စည်းမျဉ်းချိုးဖောက်သူ ၂၀၀ ကျော်ကိုတွေရှိ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။အလုပ်သမားများကို စစ်ဆေးမှုတွင် နေထိုင်ရာလိပ်စာ အကြောင်းကြားရန် ပျက်ကွက်ခြင်း (ပုဒ်မ ၃၈) - အလုပ်သမား(၂၀၀) ကျော် ၊ရက် ၉၀ အတွင်း အစီရင်ခံရန် ပျက်ကွက်ခြင်း -( ၆) ဦး နှင့် သဌေးမတူ မှားယွင်းသော အလုပ်ရှင်ထံတွင် အလုပ်လုပ်ခြင်း - (၇ )ဦး တို့ကို ဖမ်းဆီးကာ ဥပဒေအရ စွဲချက်များ တင်ခဲ့တယ်လို့ သိရပါတယ်။စစ်ဆေးချက်အရ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သူ တွေ ကို တွေ့ရှိခဲ့ ပေမယ့်လည်း နိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်သူတွေနဲ့ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်သူ အလုပ်သမား တွေကို မမတွေ့ရှိခဲ့ဘူးလို့ သတင်းဖော်ပြပါတယ်။ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ စစ်ဆေးရေးအရာရှိ ဆတွ က အခုလို ပုံမှန်စစ်ဆင်ရေး တွေကို မူဝါဒနဲ့အညီ အပြင်းအထန် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားတယ်လို့ သိရပါတယ်။ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီးဦးဆောင်တဲ့ ရဲအရာရှိ ၅၀ ကျော်ဟာဂျွန်တီယန် နဲ့ သက်ပရာဆစ် ဒေသ တွေရှိ နိုင်ငံခြားသား ဆောက်လုပ်ရေး စခန်းနှစ်ခုကို ဝိုင်းရံ စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးခံရသူ ၆၀၀ ကျော်အနက် အများစုမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။စစ်ဆေးမှုဟာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ ဒုတိယရဲမင်းကြီး ရဲမှူးကြီး Samran Nualma ရဲ့အဓိကမူဝါဒ နဲဘအညီ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား တွေ ကို နှိမ်နင်း ဖို့ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။


news-view-count-icon

14