back

မကွေး၌ မြေပဲလုံးဆန်ဈေး ဆက်တိုက်မြင့်တက်နေ

Jan 17 • 2:14 AM

breaking-news

မြန်မာ

မကွေး

cover

မကွေး၌ မြေပဲလုံးဆန်ဈေး ဆက်တိုက်မြင့်တက်နေ

မကွေးမြို့တွင် မြေပဲလုံးဆန် ပစ္စည်းရှားပါးလာခြင်းနှင့်အတူ ဝယ်လိုအား မြင့်တက်နေသောကြောင့် မြေပဲလုံးဆန်ဈေးနှုန်းများ တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၁,၅၀၀ ခန့် ဆက်တိုက...

မကွေးမြို့တွင် မြေပဲလုံးဆန် ပစ္စည်းရှားပါးလာခြင်းနှင့်အတူ ဝယ်လိုအား မြင့်တက်နေသောကြောင့် မြေပဲလုံးဆန်ဈေးနှုန်းများ တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၁,၅၀၀ ခန့် ဆက်တိုက်မြင့်တက်နေကြောင်း မကွေးကုန်စည်ဒိုင်ထံမှ သိရသည်။ လက်ရှိတွင် မြေပဲလုံးဆန်အနီ တစ်ပိဿာလျှင် ၈,၅၀၀ ကျပ်မှ ကျပ် ၁၀,၀၀၀ ဝန်းကျင်သို့လည်းကောင်း၊ မြေပဲလုံးဆန်အဖြူမှာ ၈,၆၀၀ ကျပ်မှ ၁၀,၂၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးတက်ခဲ့သည်။ ပြည်တွင်းရှိ ဆီစက်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအပြင် တရုတ်နိုင်ငံသို့လည်း တင်ပို့နေရသဖြင့် ဝယ်လိုအားကောင်းနေပြီး၊ ရှေ့ပြေးဈေးကွက်တွင်လည်း ဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း မကွေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းက ပြောကြားထားသည်။

news-view-count-icon

24