back

မဲဆောက်တွင် တရားမဝင်နေထိုင်သူများနှင့် တရားဝင်နေထိုင်သော်လည်း ခွင့်ပြုချက်မရှိသောလုပ်ငန်းလုပ်ဆောင်သူများကို ထိုင်းတာဝန်ရှိသူများစစ်ဆေး ဖမ်းဆီး

Jan 17 • 2:13 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်တွင် တရားမဝင်နေထိုင်သူများနှင့် တရားဝင်နေထိုင်သော်လည်း ခွင့်ပြုချက်မရှိသောလုပ်ငန်းလုပ်ဆောင်သူများကို ထိုင်းတာဝန်ရှိသူများစစ်ဆေး ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာဈေးကွက်ရပ်ဝန်းတွင် တရားမဝင် နေထိုင်သူများနှင့် အထောက်အထားရှိသော်လည်း ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာရွှေ့ပ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာဈေးကွက်ရပ်ဝန်းတွင် တရားမဝင် နေထိုင်သူများနှင့် အထောက်အထားရှိသော်လည်း ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဇန်နဝါရီ ၁၆ ရက်က ထိုင်းအာဏာပိုင်များ စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသားအချို့နှင့် မြန်မာလုပ်သားအချို့အကြား ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်ပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကျပ်လာခြင်းဖြစ်သည်။ မြန်မာလုပ်သားများအနေဖြင့် ရွှေဆိုင်၊ အလှပြင်ဆိုင်နှင့် လမ်းဘေးဈေးရောင်းချခြင်းကဲ့သို့သော နိုင်ငံသားများအတွက်သာ သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်ခွင့်မရှိဘဲ၊ အထောက်အထားရှိသော်လည်း ခွင့်ပြုချက်မဲ့ ဈေးရောင်းချသူများကို တာ့ခ်ခရိုင် လဝကနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

19