ကိုရီးယားသမ္မတနိုင်ငံ၊ အီလ်ဆန်မြို့ရှိ Ilsan Lake Park တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ ကျင်းပမည့် "International Horticulture Goyang Korea 2026" ပြပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ပြသရန် စိတ်ပါဝင်စားသူများကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) တို့က ဖိတ်ခေါ်ထားပါသည်။ အဆိုပါပြပွဲ၏ နိုင်ငံအလိုက်ပြခန်း (National Pavilion) များတွင် မြန်မာ့သစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေး ထုတ်ကုန်များကို ကမ္ဘာသို့ ချပြနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ MFVP အသင်းဝင်များနှင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အသင်းရုံးဖုန်းနံပါတ် ၀၁-၂၁၈၄၆၇ နှင့် ၀၉-၄၃၁၂၇၆၅၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းကာ ပါဝင်လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများပြပွဲ၌ ပြသရန် စိတ်ပါဝင်စားသူများ ဖိတ်ခေါ်
Jan 17 • 1:57 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


