အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား စုစုပေါင်း ၁,၁၆၀ ဦးကို စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့စေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများအတွက် အဓိကထား စေလွှတ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံသို့ အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသားအလုပ်သမားခန့်ထားမှု (Point System) ကို ၂၀၁၆ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဤအစီအစဉ်သည် မြန်မာလုပ်သားများအတွက် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရုံသာမက နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာစေကြောင်း သိရှိရပါသည်။
Jan 17 • 1:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


