back

နာဂဒေသ တည်ငြိမ်အေးချမ်းမှုကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်

Jan 16 • 4:19 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

နာဂဒေသ တည်ငြိမ်အေးချမ်းမှုကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်

နာဂဒေသသည် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးလာနိုင်ကြောင်း ဇန်နဝါရီ ၁...

နာဂဒေသသည် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးလာနိုင်ကြောင်း ဇန်နဝါရီ ၁၅ ရက်က လေရှီးမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည်။ နိုင်ငံတော်အနေဖြင့် နာဂဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၅ ဘီလီယံ မတည်ပေးထားသည့်အပြင်၊ အရှည် ၂,၆၂၈ ပေရှိသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ကိုလည်း တည်ဆောက်ပေးခဲ့သဖြင့် ဟုမ္မလင်း၊ ခန္တီးနှင့် နာဂဒေသတို့ကြား လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပြီး ဒေသခံများအနေဖြင့် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

news-view-count-icon

17