ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှာ နေအိမ်တစ်ဆောင်မီးလောင်မှုကြောင့် ၁၁ ရက်သားအရွယ် မွေးကင်းစကလေးငယ်တစ်ယောက် မီးထဲပါပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။သေဆုံးသွားတဲ့ မွေးကင်းစကလေးငယ်ဟာ မင်းပြားမြို့နယ်၊ နော်နော်မွတ်ဆလင်ရွာက ဖခင် အီစ္စမိုလ်နဲ့ မိခင် နိုရိုဘာတို့ရဲ့သား မာမန်အုစ္စမန် (၁၁ ရက်သား)ဖြစ်ပါတယ်။အီစ္စမိုလ်နှင့် နိုရိုဘာတို့ဇနီးမောင်နှံနှစ်ဦးသည် ကလေးမွေးဖွားပြီးနောက် နိုရိုဘာ၏ဖခင် အာနုဆော်မောင်၏ နေအိမ်တွင် တည်းခိုနေကြစဉ် အဆိုပါနေအိမ်သည် ယမန်နေ့ ဇန်နဝါရီလ(၁၅)ရက်၊ ညဉ့် ၂ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။မီးလောင်နေစဉ် မိဘနှစ်ပါးမှာ သူတို့၏သားဖြစ်သူ မွေးကင်းစကလေးငယ်အား ကယ်ထုတ်ရန်ကြိုးစားခဲ့သော်လည်း မီးအရှိန်ပြင်းနေခဲ့မှုကြောင့် မကယ်နိုင်လိုက်ဘဲ ကလေးငယ်မှာ မီးထဲပါ၍ သေဆုံးသွားခဲ့ရကြောင်း သိရသည်။အဆိုပါမီးမှာ နေအိမ် မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟုလည်း သိရသည်။အဆိုပါအိမ်မီးလောင်မှုကို ပတ်ဝန်းကျင်မှ ဝိုင်းဝန်းကူညီပေးမှုကြောင့် ယမန်နေ့ ညဉ့် ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းလည်း သိရသည်



