ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ပြည်သူအချို့ပြန်လည်နေထိုင်ပြီဖြစ်သော်လည်း ပိုင်ရှင်ပြန်မလာသေးသောနေအိမ်များတွင် သူခိုးများနေ့စဥ်ပစ္စည်းများဝင်ရောက်ခိုးယူနေကြောင်းသိရသည်။ခိုးယူထားသောပစ္စည်များကိုလည်း ပေါ်ပေါ်တင်တင်ပြန်လည်ရောင်းချနေပြီး ဖမ်းဆီးအရေးယူခြင်းမရှိကြောင်းသိရသည်။



