back

သေဆုံးဆန္ဒပြသူများ၏ မိသားစုဝင်များထံမှ ပစ်သတ်သည့် ကျည်ဖိုးပင် အီရန်အစိုးရမှပြန်တောင်း

Jan 15 • 8:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

သေဆုံးဆန္ဒပြသူများ၏ မိသားစုဝင်များထံမှ ပစ်သတ်သည့် ကျည်ဖိုးပင် အီရန်အစိုးရမှပြန်တောင်း

အီရန်တွင် လွတ်လပ်ရေးတိုက်ပွဲဝင်နေသော ဆန္ဒပြ ပြည်သူများအား ခါမီနီအစိုးရမှ အကြမ်းဖက်ကာ အမြစ်ပြတ်နှိမ်နင်းမှုများလုပ်ဆောင်နေရာတွင် သေဆုံးသူ ၂၀၀၀၀ ကျော်ရှိပြီဟု ခန့...

အီရန်တွင် လွတ်လပ်ရေးတိုက်ပွဲဝင်နေသော ဆန္ဒပြ ပြည်သူများအား ခါမီနီအစိုးရမှ အကြမ်းဖက်ကာ အမြစ်ပြတ်နှိမ်နင်းမှုများလုပ်ဆောင်နေရာတွင် သေဆုံးသူ ၂၀၀၀၀ ကျော်ရှိပြီဟု ခန့်မှန်းရပြီး လုံခြုံရေး များ ပစ်သတ်သဖြင့် သေဆုံးရသည့် ဆန္ဒပြသူများ၏ မိသားစုဝင်များထံမှ ပစ်သတ်ရသည့် ကျည်ဖိုးများပင် ပြန်တောင်းနေကြောင်း သိရသည်။ဆေးရုံများပေါ်တွင် အလောင်းများပုံနေပြီဖြစ်ကာ ညစဉ် ဆိုင်ကယ်စီး သေနတ်သမား ၁၀၀ မှ ၂၀၀ အကြားသည် လမ်းပေါ်ထွက်သမျှသူများကို ဆဲဆိုကာ ပစ်သတ်နေမှုကြောင့် စစ်တလင်းထဲရောက်နေရပြီဟု တီဟီရန်မြို့ ဆင်ခြေဖုံးမှ အသက် ၄၇ နှစ်အရွယ် ဂီတအနုပညာရှင် အလီက ပြောကြားသွားခဲ့သည်။ ဆန္ဒပြသူများထဲ ပါဝင်သည့် အလီက ယခု ရက်ပိုင်းအတွင်း ၎င်းအနီးအနားရှိ ဆန္ဒပြသူ ၄ ဦးတွင် တစ်ဦးနှုန်းမှာ ဒဏ်ရာရ သို့မဟုတ် ဖမ်းဆီးခံ၊ သို့မဟုတ် သေဆုံးနေသည်ဟု ပြောဆိုကာ ခန့်မှန်းသေဆုံးသူနှုန်းမှာ အနည်းဆုံး ၁၂,၀၀၀ ကျော်မည်ဖြစ်သည်ဟု The Sun သို့ ပြောသွားခဲ့သည်။ဆင်ခြေဖုံးရပ်ကွက်များ၏ လမ်းများပေါ် သေနတ်ကျည်ခွံများ ပျံ့ကျဲနေကာ ပွိုင့် ၅၀ စက်သေနတ်ကျည်ခွံများ အများဆုံးဖြစ်ကြောင်း၊ သေဆုံးဆန္ဒပြသူများ၏ မိသားစုဝင်များသည် အလောင်းပြန်လိုချင်လျှင် လုံခြုံရေးတပ်ဖွဲ့များဘက်မှ ပစ်သတ်ရသဖြင့် ကုန်ကျသွားသည့် ကျည်ဖိုးများပြန်ပေးမှ အလောင်းပြန်ပေးသည်ဟုလည်း အလီက ဖွင့်ဟပြောဆိုကာ အမေရိကန်အနေဖြင့် ၄၆ နှစ်ကြာ ဗိုလ်ကျအုပ်ချုပ်ခဲ့သော အလီခါမီနီ၏ အစ္စလာမ္မစ်အစိုးရအဖွဲ့အား ဖြုတ်ချပေးပါရန် တောင်းပန်သည်ဟု ပြောသွားခဲ့သည်။


news-view-count-icon

24