back

တောင်ကိုရီးယားတွင် ချန်ဒူးဝမ်နောက်ပိုင်းသမ္မတဟောင်း ယွန်းဆက်ယို ပထမဆုံးသေဒဏ်ပေးခံသူ ဖြစ်လာနိုင်

Jan 15 • 7:37 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားတွင် ချန်ဒူးဝမ်နောက်ပိုင်းသမ္မတဟောင်း ယွန်းဆက်ယို ပထမဆုံးသေဒဏ်ပေးခံသူ ဖြစ်လာနိုင်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မာရှယ်လောကြေညာပြီး တိုင်းပြည်တရားစီရင်ရေးနှင့်ဥပဒေပြုရေးကို ထိပါးသော အမိန့်ပေးမှုကျူးလွန်ခဲ့သော တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုကို အ...

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မာရှယ်လောကြေညာပြီး တိုင်းပြည်တရားစီရင်ရေးနှင့်ဥပဒေပြုရေးကို ထိပါးသော အမိန့်ပေးမှုကျူးလွန်ခဲ့သော တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုကို အမှု ၈ ခု ဖြင့်တရားစွဲကာ ဇန်နဝါရီ ၁၄ ရက်တွင် စတင် အမှုစစ်ဆေးရာ သေဒဏ်ပေးရန် ရှေ့နေများအဖွဲ့က တောင်းဆိုနေသည်။နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးသော မာရှယ်လောထုတ်ပြန်ခြင်းဖြစ်ခဲ့သည့်အတွက် တောင်ကိုရီးယား နိုင်ငံရေးအခင်းအကျင်းသည် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရကာ ၆ လကြာစစ်ဆေးမှုပြီးနောက် ယွန်းဆက်ယိုသည် ရည်ရွယ်ချက်ရှိစွာဖြင့် မာရှယ်လောထုတ်ကာ အာဏာသိမ်းရန် တစ်နှစ်ကြာ အချိန်ယူ ပြင်ဆင်ခဲ့သည်ဟု သိရှိခဲ့ရသည်။၂၀၂၂ ခုနှစ်က ပြည်သူပေးသည့် မဲအနိုင်ရမှုဖြင့် သမ္မတဖြစ်လာသူ ယွန်းဆက်ယိုကို မည်သူမျှ နောက် တစ်နှစ်အကြာတွင် မာရှယ်လောထုတ်အာဏာသိမ်းမည်ဟု မည်သူမျှ မထင်ခဲ့သည့်ကြားမှ တိုင်းပြည် အာဏာရှင်စနစ်အတွင်း ပြန်ရောက်စေရန် ကြံစည်ခဲ့သူဖြစ်ခြင်းကြောင့် သေဒဏ်ပေးရန် လွတ်လပ် သောရှေ့နေများအဖွဲ့ ချိုအန်ဆက်က ဆိုးလ်ဗဟိုခရိုင်တရားရုံးထံ ယွန်ဆက်ယိုအား သေဒဏ်ပေးရေး တိုက်တွန်းခဲ့သည်။ယွန်းဆက်ယိုအာဏာသိမ်းရန် ကြံစည်မှုတွင် မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိခဲ့သော် လည်း တိုင်းပြည်အား ချောက်ထဲကျရန် ကြံစည်မှုဖြစ်သောကြောင့် သေဒဏ်နှင့်ထိုက်တန်သည်ဟု ချိုအန်ဆက် ရှေ့နေများအဖွဲ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ထိုအမှုမှာ စီရင်ချက်ချမှတ်ရန် ရက်သတ္တပတ်အနည်းငယ် လိုသေးသော်လည်း ယွန်းဆက်ယိုအား သေဒဏ်ပေးခဲ့ပါက ၎င်းသည် တောင်ကိုရီးယားတွင် ချန်ဒူးဝမ်နောက်ပိုင်း ပထမဆုံး သေဒဏ်ပေး ခံရသူဖြစ်လာမည်ဖြစ်သည်။ ယခင် စစ်အာဏာရှင် ချန်ဒူးဝမ်သည် ၁၉၇၉ ခုနှစ်၌ အာဏာသိမ်းရန် ကြံစည်ခဲ့သဖြင့် ၁၉၉၆ ခုနှစ်၌ သေဒဏ်ပေးခံရခြင်းဖြစ်ကာ နောက်ပိုင်းမှ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပြောင်းပေးခဲ့ရသူဖြစ်သည်။


news-view-count-icon

16