မွန်ပြည်နယ် သထုံမြို့ရှိ မြသပိတ်တောင် စေတီတော်၏ (၆၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ (၂၉) ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ထံက သိရသည်။
ပွဲတော်တွင် မြသပိတ်စေတီတော်ရင်ပြင်တော်နှင့် နှီးဘုရားကြီးတို့တွင် စတုဒီသာ၊ နိဗ္ဗာန်စျေးအလှူတော်၊ ထမနဲထိုးပြိုင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ပဌာန်းပွဲနှင့်ကြာသင်္ကန်းကပ်လှူပွဲတို့ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မြသပိတ်စေတီတော်၌ ပဋ္ဌာန်းဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလ (၃၁) ရက် နံနက် (၅) နာရီအချိန်၌ ပဋ္ဌာန်းပိတ်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



