ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားရှိ အရပ်သားဧရိယာများကို ဆက်လက်သိမ်းပိုက်ထားပြီး အချို့ကို သံဆူးကြိုးများ၊ သင်္ဘောကွန်တိန်နာများဖြင့် ပိတ်ဆို့ထားဆဲဖြစ်သောကြောင့် ပြီးခဲ့သည့်နှစ်က နှစ်ကြိမ်တိုင်ပဋိပက္ခဖြစ်ပွားခဲ့သော အိမ်နီးချင်းနှစ်နိုင်ငံအကြား အပ-စ်အခ-တ်ရပ်စဲရေးကိုထိခိုက်လာဖွယ်ရှိနေသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ရက်သတ္တပတ်များစွာကြာသော ပြင်းထန်သည့်နယ်စပ်တို-က်ပွဲများကို အဆုံးသ-တ်စေခဲ့သည့် ဒီဇင်ဘာလ သဘောတူညီချက်ကိုရထားသော်လည်း ထိုင်း၏ ကျူးကျော်မှုကြောင့် ကမ္ဘောဒီးယားမိသားစု ၄,၀၀၀ ခန့်သည် အငြင်းပွားနယ်စပ်တလျှောက်ရှိ နေအိမ်များသို့ မပြန်နိုင်သေးဖြစ်နေကြောင်း ဝန်ကြီးပရက်ဆော့ခွန်းက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။



