back

အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ ဖ်က ရီဇာပါလာဗီနှင့် တွေ့ဆုံဆွေးနွေးခဲ့ ဟုဆို

Jan 15 • 5:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ ဖ်က ရီဇာပါလာဗီနှင့် တွေ့ဆုံဆွေးနွေးခဲ့ ဟုဆို

အမေရိကန်အစိုးရ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်းကွယ်လွန်သူ အီရန်ရှားဘုရင်၏သား ရီဇာပါလာဗီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်မီဒီယ...

အမေရိကန်အစိုးရ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်းကွယ်လွန်သူ အီရန်ရှားဘုရင်၏သား ရီဇာပါလာဗီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်မီဒီယာများက ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ရီဇာပါလာဗီနှင့် တွေ့ဆုံစဉ် အိမ်ဖြူတော်အကြံပေး စတိဗ်ဝစ်ကော့ဖ်သည် အီရန်နိုင်ငံတွင်း၌ ပေါ်ပေါက် နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက မီဒီယာများသို့ထုတ်ဖော်ပြောကြားထားသည်။

ပါလာဗီသည် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးကြောင့် နန်းကျခဲ့ရသည့် နောက်ဆုံးအီရန်ရှားဘုရင်၏ သားဖြစ်သည်။ပါလာဗီသည် ဖခင်ဖြစ်သူရှားဘုရင် နန်းကျခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု၌ နှစ်ပေါင်း(၅၀) နီးပါးကြာမျှ ပြည်ပြေးတစ်ဦးအဖြစ် နေထိုင်ခဲ့ရသူ ဖြစ်သည်။အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကိုယ်တိုင်ကမူ ၎င်းအနေဖြင့် ပါလာဗီကို လက်တလောကာလတွင် တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း ပြောကြားထားသည်။အသက် (၆၅) နှစ်အရွယ် ပါလာဗီသည်လက်ရှိဖြစ်ပွားနေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရန်ကြိုးပမ်းလျက်ရှိသည်။ အီရန်ပြည်တွင်း၌မူ ပါလာဗီအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုအား မည်မျှအတိုင်းအဆအထိ ရရှိထားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။


news-view-count-icon

16