back

တရုတ်နိုင်ငံက အောင်မြင်သော ဂြိုဟ်တုလွှတ်တင်မှုနှင့်အတူ အာကာသမစ်ရှင်ကြိုတင်ပြင်ဆင်မှု စတင်ဖွင့်လှစ်

Jan 14 • 2:23 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက အောင်မြင်သော ဂြိုဟ်တုလွှတ်တင်မှုနှင့်အတူ အာကာသမစ်ရှင်ကြိုတင်ပြင်ဆင်မှု စတင်ဖွင့်လှစ်

တရုတ်နိုင်ငံက Yaogan-50 01 အဝေးထိန်းအာရုံခံဂြိုဟ်တုကို ဇန်နဝါရီ ၁၃ ရက်က အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။ Long March-6 သယ်ဆောင်ရေးဒုံးပျံ ပြုပြင်မွမ်းမ...

တရုတ်နိုင်ငံက Yaogan-50 01 အဝေးထိန်းအာရုံခံဂြိုဟ်တုကို ဇန်နဝါရီ ၁၃ ရက်က အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Long March-6 သယ်ဆောင်ရေးဒုံးပျံ ပြုပြင်မွမ်းမံထားသောဗားရှင်းနှင့်အတူ ပေကျင်းစံတော်ချိန် ည ၁၀:၁၆ နာရီက လွှတ်တင်ခဲ့သော အဆိုပါဂြိုဟ်တုသည် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာအရ သိရသည်။ ယင်းဂြိုဟ်တုကို နိုင်ငံအဆင့်မြေပြင်စစ်တမ်းကောက်ယူမှုများ၊ ကောက်ပဲသီးနှံအထွက်နှုန်းခန့်မှန်းမှုနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး စသည်တို့အတွက် အသုံးပြုမည်ဖြစ်သည်။



news-view-count-icon

3