back

ထိုင်းမီးရထားဌာနက ကရိန်းပြိုကျမှုမှာ ‌ေ-သဆုံးသွားတဲ့ ရထား ခရီးသည်တွေကို ဘတ် ၈၀,၀၀၀ လျော်ကြေးပေးမည်

Jan 14 • 2:22 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမီးရထားဌာနက ကရိန်းပြိုကျမှုမှာ ‌ေ-သဆုံးသွားတဲ့ ရထား ခရီးသည်တွေကို ဘတ် ၈၀,၀၀၀ လျော်ကြေးပေးမည်

ထိုင်းမီးရထားဌာန (SRT) က မတော်တဆမှုကြောင့် ‌ေ-သဆုံးသွားသူတွေအတွက် တစ်ဦးကို ဘတ် ၈၀,၀၀၀ စီ လျော်ကြေးပေးအပ်သွားမယ့်အပြင် ဒဏ်ရာရရှိသူတွေရဲ့ ကုန်ကျစရိတ်တွေကိုလည်း တာ...

ထိုင်းမီးရထားဌာန (SRT) က မတော်တဆမှုကြောင့် ‌ေ-သဆုံးသွားသူတွေအတွက် တစ်ဦးကို ဘတ် ၈၀,၀၀၀ စီ လျော်ကြေးပေးအပ်သွားမယ့်အပြင် ဒဏ်ရာရရှိသူတွေရဲ့ ကုန်ကျစရိတ်တွေကိုလည်း တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Nakhon Ratchasima ပြည်နယ်၊ Nong Nam Khun နဲ့ Sikhiu ဘူတာကြားမှာ ဆောက်လုပ်ရေးကရိန်းတစ်ခု ပြိုကျပြီး Special Express Train No. 21 ရထားနဲ့တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး SRT ဒုတိယအုပ်ချုပ်ရေးမှူး Mr. Anan Pothinimdaeng က အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။ နစ်နာကြေးပေးအပ်ရာမှာ ‌ေ-သဆုံးသူတွေအတွက် ဈာပနစရိတ် ဘတ် ၄၀,၀၀၀ နဲ့ လျော်ကြေးငွေ ဘတ် ၄၀,၀၀၀ စုစုပေါင်း ဘတ် ၈၀,၀၀၀ ကို ပေးအပ်သွားမှာဖြစ်ပြီး ရုပ်အလောင်းတွေကိုလည်း ဆွေမျိုးတွေဆန္ဒအတိုင်း နေရပ်ပြန်သယ်ယူနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေအတွက်တော့ ဆေးကုသစရိတ်အားလုံးကို SRT ဘက်က တာဝန်ယူပေးမယ့်အပြင် နေရပ်ပြန်မယ့်ခရီးစဉ်အတွက်ပါ ဝန်ထမ်းတွေနဲ့ ကူညီစောင့်ရှောက်ပေးသွားမယ်လို့ သိရပါတယ်။


news-view-count-icon

24