ဖေဖော်ဝါရီလကိုရောက်ရင် ONE ရဲ့စင်မြင့်ထက်ဆီ ရဲရင့်နောင် ရောက်လာတာကို မြင်ရတော့မှာဖြစ်တဲ့အကြောင်း သက်ဆိုင်သူတွေရော ရဲရင့်နောင်ကိုယ်တိုင်ကပါ အတည်ပြုလိုက်ပါပြီ။ရဲရင့်နောင်ဟာ Venum Traing Camp ဆီကို ရောက်လာပြီးတဲ့နောက် အများကြီး တိုးတက်သွားခဲ့ပါတယ်။ အခုဆိုရင် ဝိတ်ဝင်အောင် လေ့ကျင့်တဲ့အဆင့်တစ်ခု အောင်မြင်ခဲ့ပြီဖြစ်သလို ပွဲထိုးဖို့အတွက် လေ့ကျင့်ရေးပိုင်းဆိုင်ရာကိုလည်း အဆင့်မြှင့်တင်မှုတွေ စတင်နေပါပြီ။ရဲရင့်နောင်ကို အတူတွဲဖက် လေ့ကျင့်ပေးနေသူက ဘလက်ပန်သာ ဖြစ်ပါတယ်။ ရဲရင့်နောင် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က မလေးရှားဖိုက်တာဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိအချိန်မှာတော့ ONE ဟာ မြန်မာဖိုက်တာတွေကို ဆက်တိုက်ဆိုသလိုပဲ ပွဲထုတ်ဖို့ ပြင်ဆင်လာတာ မြင်တွေ့နေရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ရောက်ရင် မြန်မာဖိုက်တာတွေထဲက စိုးလင်းဦးနဲ့ ကျော်စွာဝင်းတို့ ပွဲထွက်လာမှာဖြစ်သလို ဒီလထဲမှာပဲ မြန်မာဖိုက်တာတွေထဲက ဆွန်ရတ်ခ် ပွဲထိုးဖို့ ရှိနေပါတယ်။



