ယနေ့ (ဇန်နဝါရီ ၁၄ ရက်) မနက်ပိုင်းတွင် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ပြင်ပပေါက်စျေး ၉၈ သိန်း ၇ သောင်းကျပ်ဖြင့် စျေးဖွင့်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဇန်နဝါရီ ၁၄ ရက်နေ့၊ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး (Market Rate) သည် သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၆၀ သတ်မှတ်ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။ပြည်တွင်းရွှေစျေးမြင့်တက်နေခြင်းသည် တဖက်တွင်လည်း ကမ္ဘာ့ရွှေစျေးမြင့်တက်နေမှုနောက်ဆက်တွဲကြောင့် ဖြစ်သည်ဟုလည်း ရွှေဘုံသာလမ်းမှ ရွှေဆိုင်ရောင်းချသူလူပ်ငန်းရှင်က ပြောသည်။ကမ္ဘာ့ ရွှေစျေးသည်လည်း ယနေ့တွင် ဆက်လက်မြင့်တက်နေပြီး တစ်အောင်စလျှင် ၄၆၀၀ ဒေါ်လာ စျေးထိ ပေါက်နေကြောင်း စုံစမ်း သိရှိရသည်။



