back

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၃ ရက်အတွင်း ကျောင်းသား ၂၈,၀၀၀ ကျော် ကျောင်းအပ်

May 27 • 4:25 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၃ ရက်အတွင်း ကျောင်းသား ၂၈,၀၀၀ ကျော် ကျောင်းအပ်

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ အခြေခံပညာအတန်းသို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို မေလ ၂၂ ရက်နေ့မှစတင်ခဲ့ပြီး မေလ ၂၅ ရက်နေ့အထိ ၃ ရက်အတွင်း ...

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ အခြေခံပညာအတန်းသို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို မေလ ၂၂ ရက်နေ့မှစတင်ခဲ့ပြီး မေလ ၂၅ ရက်နေ့အထိ ၃ ရက်အတွင်း ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၈,၃၀၀ ကျော်လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၉၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်းအပါအဝင် စုစုပေါင်း ၁၉၂ ကျောင်း၌ ကျောင်းအပ်မှုများ တက်ကြွစွာပြုလုပ်လျက်ရှိသည်။


news-view-count-icon

20