back

ရန်ကုန်ရပ်ကွက်ဈေးများတွင် ကြက်သား၊ ဘဲသားဈေးမြင့်တက်

May 27 • 4:15 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရပ်ကွက်ဈေးများတွင် ကြက်သား၊ ဘဲသားဈေးမြင့်တက်

၂၀၂၅ မေလ ၂၇ ရက် ရပ်ကွက်ဈေးများတွင် CP ကြက်သားတစ်ဆယ်သား ၂၀၀၀-၂၂၀၀ ကျပ်၊ ကြက်ရင်ပုံ ၆၀၀၀ ကျပ်၊ ကြက်ပေါင် ၄၀၀၀ ကျပ်နှင့် ကြက်သဲကြက်မြစ် ၂၂၀၀-၂၄၀၀ ကျပ်ဖြင့် ဈေးမြင့...

၂၀၂၅ မေလ ၂၇ ရက် ရပ်ကွက်ဈေးများတွင် CP ကြက်သားတစ်ဆယ်သား ၂၀၀၀-၂၂၀၀ ကျပ်၊ ကြက်ရင်ပုံ ၆၀၀၀ ကျပ်၊ ကြက်ပေါင် ၄၀၀၀ ကျပ်နှင့် ကြက်သဲကြက်မြစ် ၂၂၀၀-၂၄၀၀ ကျပ်ဖြင့် ဈေးမြင့်တက်နေသည်။ ကြက်နီမတစ်ကောင် ၁၆၀၀၀-၁၇၀၀၀ ကျပ်ဈေးဖြင့် ရောင်းချနေပြီး ဗမာကြက်ဈေးများတွင် တစ်ဆယ်သား ၃၀၀၀-၃၈၀၀ ကျပ်၊ တစ်ကောင် ၃၃၀၀၀ ကျပ်အထိရှိသည်။ ဘဲသားဈေးက တစ်ဆယ်သား ၃၀၀၀-၃၂၀၀ ကျပ်ဖြင့် တက်နေသော်လည်း ဝက်သားဈေးများက ပုံမှန်ငြိမ်နေပြီး ဝက်ပေါင်၊ သုံးထပ်သား တစ်ဆယ်သား ၃၄၀၀-၃၅၀၀ ကျပ်၊ ဝက်နံရိုး ၂၉၀၀ ကျပ်၊ ဝက်လက်နှင့် ဝက်ခေါင်း ၃၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။


news-view-count-icon

27