အာဆီယံ(၁၀)နိုင်ငံအနက် (၈)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင် ပိုက်ကျော်ခြင်းပြိုင်ပွဲ ၌ ရွှေတံဆိပ်ဆွတ်ခူးနိုင်ရေး မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေသည်ဟု မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ ထံက သိရသလိုလာမည့် ဇွန် (၁)ရက်နေ့တွင် တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် China - Asean Cup ပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်နိုင်ငံရှိ ပိုက်ကျော်ခြင်းအဖွဲ့တို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့်အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂) သင်းပါဝင်ယှဥ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃) ယောက်တွဲနှင့် (၄)ယောက်တွဲပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။




