မြန်မာနိုင်ငံ၌ ကုန်းတွင်းအနည်ကျချိုင့် ဝှမ်း ၁၄ ခုရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ် ရသေးသည့် အနည်ကျချိုင့်ဝှမ်း ၉ ခုရှိသည့်အနက်မှ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) အတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ်ပဏာမစူး စမ်းလေ့လာခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကာ ကွင်းဆင်းဆောင်ရွက်သွားကြမည့် ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်းနှင့် စခန်းချအောင်နိုင်ရေး အလံပေးအပ်ခြင်းအခမ်းအနားကို မေလ ၂၆ ရက်၊ နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပခဲ့ပါတယ်။


