မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ သာလေစွနှင့်ဆင်ကာ ယာယီငလျင်ဘေးရှောင်စခန်းတွေမှာ စင်္ကာပူနိုင်ငံကြက်ခြေနီ အသင်းက လှူဒါန်းထားတဲ့ Water Filter တွေကိုမေလ(၂၆)ရက်နေ့ နံနက်ပိုင်းက သွားရောက်ဖြန့်ဝေခဲ့ပြီးWater Filter များအသုံးပြုရန်နည်းလမ်းများနဲ့ ရေ၊ ပတ်ဝန်းကျင်နှင့်တစ်ကိုယ်ရည် သန့်ရှင်းရေးသိကောင်းစရာများ၊ လက်ဆေးနည်းလက်တွေ့သရုပ်ပြခြင်းတို့ကို အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သိရပါသည်။



