ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှူဇုန်ရှိ တရုတ်နိုင်ငံသားပိုင် GTIG Guohua Glory (GTIG 2) အထည်ချုပ်စက်ရုံရှိ ဝန်ထမ်းတွေက အခြေခံလုပ်လစာ ၁၃၀၀၀ ကျပ်နှင့် အချိန်ပိုကြေး တစ်နာရီလျှပ် ၃၀၀၀ ကျပ် ရရှိရေး ယနေ့ (မေလ ၂၆) နံနက်ပိုင်းက ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ယနေ့ လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြတောင်းသည့် တစ်ရက်စာအား အကျိုးခံစားခွင့်မှာ ရရှိမည်မဟုတ်ဘဲ လစာ ဖြတ်တောက်မည်ဖြစ်ကြောင်းအား စက်ရုံကိုယ်စားလှယ်များနှင့် စက်ရုံဝန်ထမ်းကိုယ်စာလှယ်များ သဘောတူညီခဲ့ကြကြောင်း သိရသည်။



