ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဟနွိုင်းမြို့၌ ရောက်ရှိနေစဉ် တနင်္လာနေ့ (မေ ၂၆)တွင် ဗီယက်နမ် ဘတ်ဂျက်လေကြောင်းလိုင်း VietJet သည် A330neo ကိုယ်ထည်ကျယ် ဂျက်လေယာဉ် အစီး ၂၀ အတွက် ပြင်သစ်မှ လေယာဉ်ထုတ်လုပ်သည့် Airbus နှင့် အမှာစာအသစ်တင်ရန် သဘောတူခဲ့သည်။ VietJet သည် ယမန်နှစ်က A330neo အစီး ၂၀ အမှာစာအတွက် Airbus နှင့် လက်မှတ်ရေးထိုးခဲ့သဖြင့် ယခုအခါ မှာကြားထားသည့် A330neo အစီး ၄၀ ရှိသွားပြီ ဖြစ်သည်။



